IGCSE

IGCSE ဆိုသည်မှာ International General Certificate of Secondary Education ဟူ၍ အဓိပ္ပါယ်ရပါသည်။ 2011 ခုနှစ် မတိုင်မှီထိ GCE O Level (စာမေးပွဲ) အဖြစ် ကျောင်းသားမိဘများအားလုံးလိုလို ကြားသိဖူးခဲ့ကြသလို တစ်ချို့ဆိုလျှင် ကိုယ်တိုင်လည်း လေ့လာဖြေဆိုဖူးခဲ့ကြတဲ့ အင်္ဂလန်နိုင်ငံရဲ့ ပညာရေးစနစ်ဖြစ်တဲ့ GCE O Level သာ ဖြစ်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြုသည့် ၁၀-တန်း အောင်လက်မှတ်ဟူ၍ အကြမ်းအားဖြင့် သိမှတ်ထားနိုင်သည်။

ထို့နောက်တွင်မူ UK (United Kingdom, အင်္ဂလန်နိုင်ငံ) ပညာရေး GCE သည် GCSE ဟူ၍ အမည်တွင်ကာ သူ့နိုင်ငံသား (Local Citizen) များအတွက် သူ့နိုင်ငံတွင်းမှာ စစ်ဆေးတဲ့ Grade 11 (ယခု မြန်မာ စနစ်ဟောင်း ၁၀ တန်း) စာမေးပွဲအဖြစ်သာထားရှိလိုက်၍ ပြင်ပ နိုင်ငံတကာ ကျောင်းသားများ (International Students) အတွက်ကိုတော့ IGCSE ဆိုတဲ့ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး နိုင်ငံတကာမှာ IGCSE သင်တန်းများနှင့် စာမေးပွဲများကို ယနေ့ထက်တိုင် ကျင်းပပေးနေခဲ့ပါသည်။

၎င်း IGCSE စာမေးပွဲနှင့် ဘာသာရပ်သင်ကြားမှုများကိုတော့ (၁) Cambridge University ရဲ့ Cambridge International Examinations (CIE) နှင့် (၂) အင်္ဂလန် ပညာရေးလောကမှာ လေးစားလူသိများလှသော (LCCI ဘွဲ့လက်မှတ်များကို ချီးမြှင့်ပေးသော) Pearson Edexcel ဆိုတဲ့ အဖွဲ့ကြီး ၂-ခုကနေ တရားဝင်အသိအမှတ်ပြု တာဝန်ယူ သင်ကြား စစ်ဆေးပေးနေကြသည်ဟု ယေဘုယျအားဖြင့် သိရှိထားနိုင်ပါသည်။